သင့်ရဲ့ Android Device အသုံးပြုရာမှာ လေးလံလာပြီဆိုရင် ပြင်ဆင်သင့်တဲ့ အချက် ၁၀ ချက်

Android Device တွေဟာ လက်ရှိအချိန်မှာတော့ အသုံးပြုမှု အမြင့်မားဆုံး နေရာတစ်ခုကို ပိုင်ဆိုင်လာပြီ ဖြစ်ပါတယ်။  Open Source ဖြစ်တဲ့ Android ကို Mobile ဖုန်းတွေပေါ်မှာ အများဆုံး အသုံးပြုကြသလို၊ Tablet တွေပေါ်မှာလည်း အသုံးပြုကြတာကို တွေ့ရပါတယ်။ Android User များ အနေနဲ့လည်း မိမိအသုံးပြုတဲ့ Device ကို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ဖို့အတွက် နည်းလမ်း ၁၀ ခုကို ပြင်ဆင်ထားသင့်ပါတယ်။

၁။ မိမိ Device နှင့် Android Version ကိုက်ညီမှု ရှိမရှိ စဉ်းစားပါ။


Android ဟာ မကြာခဏဆိုသလို Version အသစ်တွေ ပေါ်ထွက်တဲ့ အလေ့အထရှိပါတယ်။ Version အသစ်တိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားတဲ့ အတွက် Android အသုံးပြုသူများ အနေနဲ့ Version အသစ်ကို အသုံးပြုချင် တတ်ကြပါတယ်။ တစ်ခုထည့်သွင်း စဉ်းစားရမှာက Version Upgrade ပြုလုပ်ပြီးချိန်မှာ မိမိရဲ့ Device လေးလံလာတယ်ဆိုရင်တော့ Device နဲ့ Android Version ကိုက်ညီမှု မရှိဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။


၂။ အသုံးမပြုတဲ့ Application များကို ဖျက်ပစ်ပါ။


Storage ပမာဏများစွာ ပါဝင်တဲ့ Device တွေမှာ ဖြစ်တတ်တဲ့ ပြဿနာဖြစ်ပါတယ်။ Device Storage များပြားစွာ ပါဝင်နေတဲ့ အတွက် Application များစွာကို Install ပြုလုပ်ထားလေ့ရှိပြီး၊ အဆိုပါ Application တွေထဲက Error ပါဝင်လာမယ်ဆိုရင်တော့ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ လေးလံမှုရှိလာနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မသုံးဖြစ်တဲ့ Application တွေကို ဖျက်ပစ်တာ အကောင်းဆုံးလုပ်ဆောင်ချက် တစ်ခုဖြစ်နိုင်ပါတယ်။


၃။ Device ရဲ့ စွမ်းဆောင်ရည်ကို နားလည်ပါ။


Device တစ်လုံးဟာ သက်တမ်းကြာလာတာနဲ့အမျှ လုပ်ဆောင်ချက် အားနည်းလာတာ ထုံးစံဖြစ်ပါတယ်။ ဒီတော့ သက်တမ်းကြာမြင့်နေပြီ ဖြစ်တဲ့ Device တွေမှာ နောက်ဆုံးထွက် Android Versin, Application, Game တို့ကို ထည့်သွင်း အသုံးမပြုသင့်ပါဘူး။ ဒါဆိုရင်တော့ သင့်ရဲ့ Device ဟာ သေချာပေါက် လေးလံနှေးကွေးသွားမှာ ဖြစ်ပါတယ်။


၎။ Wifi, Bluetooth, GPS, Data တို့ကို အသုံးမပြုလျှင် ပိတ်ထားပါ။


ဒီလုပ်ဆောင်ချက်တွေဟာ Android Device တစ်ခုရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက အချို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Function တွေကိုတော့ အသုံးမပြုချိန်မှာ ပိတ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Wifi, Bluetooth တို့ဟာ နီးစပ်ရာ Device တွေကို Detect လုပ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့က Battery အကုန်မြန်စေတတ်ပါတယ်။


၅။ Process End အတွက် Application အသုံးပြုပါ။


Android Device တွေရဲ့ အားနည်းချက်တစ်ခုကတော့ Application အတော်များများဟာ အသုံးပြုပြီးချိန်ထိ Background မှာ ဆက်လက်ပွင့်နေခြင်း ဖြစ်ပါတယ်။ ဒီ Background မှာရှိတဲ့ Application တွေကို End ပြုလုပ်နိုင်ဖို့အတွက် Task Killer, Process Killer တို့လိုမျိုး Application တွေကို အသုံးပြုသင့်ပါတယ်။ Background Application တွေ များပြားလာပြီဆိုရင်တော့ သင့် Device ဟာ အသုံးပြုရတာ နှေးကွေးလေးလံလာမှာ ဖြစ်ပါတယ်။


၆။ Device နဲ့ သင့်တောမယ့် Web Browser ကိုသာ အသုံးပြုပါ။


Web Browser ဟာ Android Device အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Default ပါဝင်တဲ့ Browser နဲ့တင် လုံလောက်မှု ရှိပေမယ့် အခြား Browser အမျိုးအစားကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တော့ Device နဲ့ သင့်တော်မယ့် Borwser အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါတယ်။


၇။ Anti-virus Application အသုံးပြုပါ။


အခုနောက်ပိုင်းမှာတော့ Android Device တွေ ထိခိုက်မှုတွေ ရှိလာတဲ့အတွက် ထည့်သွင်းအသုံးပြုသင့်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ မလိုအားအပ်တဲ့ ဖိုင်တွေကို လုပ်ဆောင်ချက်တွေ လေးလံမှာကို Anti-virus Application တွေက ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ Device နဲ့ သင့်တော်မယ့် အမျိုးအစားကိုတော့ User ဖက်က ရွေးချယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။


၈။ Launcher များစွာ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။


Android ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Feature တွေထဲမှာ Launcher တွေဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါပေမဲ့ Launcher မှာ Error ပါဝင်ခဲ့မယ်ဆိုရင်တော့ သင့် Device ကို ကောင်းကောင်း အခက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် သင့် Device မှာ လေးလံမှုတွေ ရှိလာပြီဆိုရင်တော့ Default အနေနဲ့ ပါဝင်တဲ့ Launcher ကိုသာ သုံးစွဲသင့်ပါတယ်။


၉။ Keyboard များစွာကို ထည့်သွင်း အသုံးမပြုသင့်ပါ။


Android မှာ Keyboard အမျိုးအစားများစွာကို ထည့်သွင်းအသုံးပြုနိုင်ခြင်းဟာ ကောင်းမွန်တဲ့ Feature တစ်ခု ဖြစ်ပေမယ့် များပြားလှတဲ့ Keyboard တွေဟာ Type ပြုလုပ်တဲ့ အချိန်အတွက်ရော၊ အခြားအချိန်တွေမှာပါ Device လေးလံမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ English, Myanmar Keyboard နှစ်မျိုးကိုသာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။


၁၀။ Device ကို ဂရုတစိုက် အသုံးပြုပါ။


ဒီအပိုင်းဟာလည်း အရေးကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။ User အနေနဲ့ Device ကို လွတ်ကျခြင်းမျိုးကို ဂရုပြုရမှာ ဖြစ်သလို၊ ဘက်ထရီကုန်သွားတဲ့အထိလည်း အသုံးမပြုသင့်ပါဘူး။ Game နဲ့ Application တွေကို အသုံးပြုပြီးချိန်မှာတောင် Process End ပြုလုပ်ပေးခြင်းအားဖြင့် မြန်ဆန်သွက်လက်တဲ့ Android Device တစ်လုံးကို သင်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

U8818 မှာ Google Application များတင်နည်း


U8818 မှာ ၀ယ်တည်းက google app များမပါဘူး။ google application များကိုသုံးနိုင်ဖို့အတွက် တင်နည်းကတော့ နှစ်မျိုးရှိပါတယ် ။ Root Explorer နဲ့တင်တဲ့နည်းရယ် CWM mode ကနေတင်နည်းရယ် နှစ်မျိုးရှိပါတယ်။ ကျွန်တော်ကတော့ CWM recovery mode ကနေ google application တင်နည်းကိုပြောပြပါမယ်။ CWM တင်ဖို့အတွက် မိမိရဲ့ဖုန်းဟာ Bootloader unlock ဖြစ်နေရပါမယ်။Bootloader unlock လုပ်ရန်တွက် Bootloader unlock Tool ကို ဒီ နေရာမှာဒေါင်းပါ။ Download ရလာသော unlockbootloader ဖွင့်၍ ဖုန်းနှင့် PC ကိုချိတ်ပြီး BOOTLOADER ကိုနှိပ်ပါ။Unlockbootloader Program ပိတ်သွားလျှင် Bootloader unlock ဖြစ်သွားပါပြီ။

ClockworkMod Recovery တင်နည်း
Ascend G300 recovery ယူရန်
Download ရယူထားသော Ascend G300 recovery Zip ဖိုင်ကို Extract Files လုပ်ပါ။
ဖုန်းကိုပါဝါပိတ်၍ Volume Down + power ကိုနှိပ်၍  bootloader ကိုရပ်ပါ။
Ascend G330D recovery  ဖွင့်ပါ ၊ Enter ကိုနှိပ်ပါ ၊ waiting for device လို့ပေါ်လျှင် ဖုန်း နှင့် PC ကိုချိတ်ပါ။Press anyg key to continue . . .ပေါ်လာလျှင် Enter ကိုနှိပ်ပါ။ auto reboot ဖြစ်သွားပါမည်။
ဖုန်းကိုပါဝါပြန်ပိတ်၍ Volume Up + power ကိုနှိပ်၍ recovery mode ထဲသို့ဝင်ပါ။
CWM - based Recovery တက်လာပါမည်။ reboot system now ကိုရွေးပြီး power ခလုပ်ကိုနှိပ်ပါ။CWM recovery တင်တာပြီးသွားပါပြီ။

CWM Mode ဖြင့် Google Applications install လုပ်နည်း
Google Applications ယူရန်
Download ရယူထားသော Google Applications ဖိုင်ကို ဖုန်းရဲ့ SD card ထဲသို့ထည့်ပါ။
ဖုန်းကိုပါဝါပြန်ပိတ်၍ Volume Up + power ကိုနှိပ်၍ recovery mode ထဲသို့ဝင်ပါ။
-install zip from sdcard ကို Volume up & Volume down ဖြင့်ရွေး၍ power ခလုပ်နှိပ်၍ ၀င်ပါ။
-choose zip from sdcard ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။sdcard ထဲသို့ရောက်သွားပါမည်။ စောစောကထည့်ထားတဲ့ Google Applications zip ဖိုင်ကို Volume up & Volume down ရွေးပြီးpower ခလုပ်ကိုနှိပ်ပါ။-Yes - Install Google Applications zip ဖိုင်ကို ရွေးပြီး power ခလုပ်ကိုနှိပ်ပါ။Insatll from sdcard complete.ပေါ်လာလျှင် +++++Go Back+++++ ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။- reboot system now ကိုရွေးပြီး power ခလုပ်ကိုနှိပ်ပါ။ဖုန်းပါဝါပြန်တက်လာသောအခါ Applications များထဲတွင် Google Application များကိုမြင်တွေ့ရမှာဖြစ်ဖြစ်ပါတယ်။

အထက်ပါအချက်များအတိုင်းမလုပ်ချင်ဘူးဆိုရင်တော့ Gtalk / Gmail အသုံးရုံလေးဆိုရင်တော့ ဒီ apk လေးကိုအတင်ပြီးတော့ သုံးလို့ရပါတယ်။ Root access ရှိဖို့တော့လိုအပ်မှာဖြစ်ပါတယ်။

Huawei U8510 Android Version 2.3.6 ကို Root လုပ်နည်း

အဆင့် (၁) အရေးကြီးသောဖိုင်များ ဖုန်းနံပါတ်ကို ပထမဦးစွာ backup လုပ်ထားပါ။

အဆင့် (၂) Huawei Driver ကို မိမိ computer ထဲမှာ install လုပ်ထားရပါမယ်။ Driver ယူရန်

အဆင့် (၃) မိမိဖုန်းကို USB debugging နဲ့ Unknown sources တို့မှာ အမှန်ခြစ်ပေးထားရပါမယ်။

အဆင့် (၄) Huawei U8510 root tools ကို ဒီ နေရာမှာဒေါင်းပါ။

အဆင့် (၅) ဒေါင်းပြီးရလာတဲ့ Automatic Root Enabler Lite (U8510) v1.0 ကို run ပါ။ run ပြီးရင် ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ။ rooting လုပ်နေပါလိမ့်မယ်။

အဆင့် (၆) rooting လုပ်တာပြီးရင်တော့ ဖုန်းကို computer ကနေဖြုတ်ပြီး restart ချလိုက်ပါ။ပါဝါပြန်တက်လာသောအခါ Applications များထဲတွင် SuperUser ကိုမြင်တွေ့ရမှာဖြစ်ပြီး root လုပ်ခြင်းအောင်မြင်သွားပါပြီ။